How a Realist Hero Rebuilt the Kingdom mm sub(Ongoing)
- Sep 1, 2021
- 1 min read

***Review***
Souma Kazuya လို့ခေါ်တဲ့တက္ကသိုလ်ကျောင်းသားလေးဟာ မိဘတွေမရှိတော့ပေမဲ့ အဖိုးဖြစ်သူနဲ့အတူနေထိုင်တဲ့ သာမန်လူငယ်လေးတစ်ယောက်ပါ။ သမိုင်းဘာသာရပ်ကို ဘွဲ့ရထားသလို စိတ်ဝင်စား နှံ့စပ်တဲ့ Souma ဟာ အဖိုးဖြစ်သူဆုံးတဲ့နေ့မှာပဲ ရုတ်တရက်ကြီ းတခြားကမ္ဘာကိုဆင့်ခေါ်ခံလိုက်ရပေမဲ့ Soumaက သူမတူတဲ့ အမြော်အမြင် အတွေးအခေါ်တွေနဲ့ တိုင်းပြည်ကောင်းစားဖို့ ကြံဆောင်ရပါတော့တယ်။ စစ်တိုက်တာထက် ပိုပြီးလက်တွေ့ကျကျတွေးခေါ်ဆုံးဖြတ်နိုင်တဲ့ Soumaက အဲ့ဘက်ကမ္ဘာမှာတော့ Heroတစ်ဦးဖြစ်နေတယ်ဆိုပါတော့ဗျာ!တော်လည်းတော်၊ ရုပ်လည်းချော၊ လက်တွေ့လည်းဆန်တဲ့ Soumaကို ဘုရင်ကြီးက အဆုံးရှုံးမခံနိုင်လို့ သူ့သမီးတော်နဲ့ထိမ်းမြားစေပြီး တိုင်းပြည်ကို အုပ်ချုပ်စေလိုက်တဲ့အခါ လူငယ်ပေမဲ့ အတွေးအခေါ်တွေက ရင့်ကျက်တည်ငြိမ်လွန်းတဲ့ Souma တစ်ယောက် တိုင်းပြည်ကောင်းစားအောင် ဘယ်လိုကူညီပေးမှာလဲ? ပြည်သူတွေကရော သူ့အကြံဉာဏ်တွေကိုလက်ခံပေးမှာလား?
Genresက Action, Military, Harem, Magic, Romance, Fantasy ဖြစ်တဲ့အတွက် ဒီကားလေးကိုကြည့်ရှုဖို့ဖိတ်ခော်ပါတယ်ဗျ



Comments