Kono Oto Tomare! (Season 1) 𝙼𝚖 𝚜𝚞𝚋(2019)(Completed)
- Sep 1, 2021
- 1 min read

***Review***
နေရာတကာရန်ဖြစ် ဆိုးလွန်းတဲ့ Kudo Chika ၊ Koto တူရိယာလုပ်သမားသူ့အဖိုးက သူ့ကိုရိုးရာဂီတတူရိယာရဲ့ လေးနက်မှုကိုဘယ်တော့မှနားလည်မာမဟုတ်ဘူးလို့ ယုံကြည်နေခဲ့တယ် ၊ သူအဖိုးဆုံးသွားတော့Chika ကသူ၏ရိုးသားကြိုးစားမှုကိုပြသဖို့ နဲ့ အဖိုးရဲ့စကားတွေကိုနားလည်ရန်ကြိုးစားဖို့အတွက် Tokise High School ကKoto Club ကို ၀င်လာခဲ့တယ် ကလပ်ကအဖွဲ့ဝင်တွေကိုအရမ်းလိုနေပေမဲ့ကလပ်ရဲ့ဥက္ကဌအသစ် Takezou Kurata ကသူရဲ့နာမည်ဆိုးကြောင့် Chika ၏လျှောက်လွှာကိုအလွယ်တကူလက်မခံခဲ့ပါဘူး ၊ ဘယ်လိုဘဲ့ဖြစ်စေ Chika ၏လေးနက်မှုနှင့်စိတ်အားထက်သန်မှုကို တွေ့ပြီးတော့ Takezou ကပြဿနာရှာတတ်တဲ့Chikaကို သူရဲ့ သူငယ်ချင်းသုံးယောက်အပါအဝင် koto တီးရမှာထူးခြားပါရမီပါတဲ့Satowa Houzukiနှင့်အတူ ကလပ်ကိုဝင်ခွင့်ပြုလိုက်ပါတယ် ၊နိုင်ငံတော်အဆင့် အမျိုးသားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ကြိုးစားနေကြတဲ့ kotoတီးသမားတို့ရဲ့ အခက်အခဲကြိုးစားအားထုတ်မှုမျိုးစုံကို Drama ဆန်ဆန် ပုံဖော်ထားတဲ့ ဒီ Kono Oto Tomareဆိုတဲ့ musical seriesလေးကို ကြည့်ရှုခံစားလိုက်ပါဗျ!
Musicကိုချစ်တဲ့သူမဆို လုံး၀အကြိုက်တွေ့စေမယ့် Anime ကောင်းလေးတခုမလို့ လုံး၀ကြည့်သင့်ကြောင်း Recommendပေးရင်း....



Comments